Monday, January 25, 2010

အမေ့အရိပ်



အမေ့သွေး အမေ့ချွေးတွေနဲ့
လူဖြစ်ခဲ့တဲ့ငါ
လောကဓံကိုမမှုခဲ့ဘူး
အပြုံးနဲ့ပဲ ဘ၀ကိုစခဲ့တယ်။
အမေ့သွေး အမေ့ချွေးတွေနဲ့
ကြီးပြင်းခဲ့တဲ့ငါ
ဘာအပူပင်မှ မရှိခဲ့ဘူး
အမေ့ရင်ခွင်မှာ နားခိုးရင်း
အမေ့ကိုယ်သင်းနံ့ကိုရှူရှိုက်လို့
ဆက်လက်ရှင်သန်ခဲ့တယ်။
အမေနဲ့ဝေး
ငါ့သွေး ငါ့ချွေးတွေနဲ့
ငါ့ဘ၀ကို ငါရေးတဲ့အခါ
အမေ့သွေး မေ့ချွေးတွေ
ငါ့အတွက်
လိုအပ်နေသေးတယ်ဆိုတာ
ခုမှပိုသိလာခဲ့တယ်။

No comments:

Post a Comment