Monday, January 25, 2010

ကမ္ဘာငယ်ရဲ့ နိဒါန်း




ထမင်းစားလို့ အသက်ရှင်
ထမင်ရှင်ဟာ ဘယ်သူလဲ။
ထမင်းဆိုတာ ဆန်ကလာ
ဆန်ကိုရှာတာဘယ်သူလဲ။
မိသားစုတို့ ပျော်ရွှင်ရာ
ပြည့်စုံစေတာဘယ်သူလဲ။
ပြည့်စုံစေဖို့ ငွေကိုရှာ
ခေါင်းဆောင်နေတာ ဘယ်သူလဲ။
အသင်လူသား သင်စဉ်းစားလော့
ကမ္ဘာမြေထက် မတ်မတ်ရပ်လို့
အသက်လည်းရှူ လူလိုလည်းဖြစ်
မေတ္တစစ်ဟာ အမေ့ရွာလို့
ဂုဏ်တင်ချီးမွမ်း ရယ်ခြင်းမဟုတ်
မိကိုလက်ရာ ဘကိုလက်ဝဲ
ပခုံးထက်ဝယ် စာတွေခြယ်ခဲ့။
လက်ဝဲမပါ စာပေမမြောက်
အနောက်နေ၀င် ဆိုစဉ်မရှိ
အမေ့မေတ္တာ လရောက်ဖြာဆို
အဖေနေမင်း ထိန်ပြောင်ဝင်လိမ့်။
အပူနေမင်း ချင်ခြင်းနို့ရေ
သင်ဆိုစေလည်း
ပွင့်စေမာလာ
မှည့်စေသစ်သီး
လင်းအားကြီးလို့ရောင်နီလာ
နေမင်းပါဝါမမေ့ပါနဲ့။
မိသားစုဝယ် ကမ္ဘာငယ်ကို
လူထဲကလူ လူလိုတူဖို့
နံနက်မိုးလင်း အရုဏ်ဝင်းသော်
သားတော်မောင်လှ ထမင်းဝဖို့
နေမင်းကွယ်ပျောက် အမှောင်ရောက်သော်
သမီး မချော ရယ်ရွှင်မောဖို့
နေ့ရောညပါ မအားရှာခဲ့။
အိမ်ရှင်ဇနီး ကြင်ဖက်မီးကို
ကုံလုံပြည့်ဝ မျက်နှာလှဖို့
နေကိုအံတု မိုးကိုတန်ဆာ
နှင်းမှာသခင် မငြိုငြင်ဘဲ
ဘ၀ဇာတ်ခုံ ကကြိုးစုံခဲ့။
ထိုကြောင့် အမေ...
မတွေဝေနဲ့
အဖေ့မေတ္တာ ကမ္ဘာမှာရှိ
လူသိပါစေ... သိပါစေလို့
ကလောင်တစ်ချက်
မှင်တစ်စက်နဲ့
မော်ကွန်းအောင်လံ
ကဗျာချန်ခဲ့...
ထို့ကြောင့် အဖေ...
ထပ်ဆင့်ချွေမယ်
ကျေးဇူးတင်ပြီး ချစ်ပါတယ်။

မှတ်ချက်/ သူငယ်ချင်း i.c ရဲ့ ရင်တွင်းဖြစ် အဖေတမ်းချင်း ကဗျာကို တစ်လောကလုံးရှိ အဖေရှိသူများအတွက်
ရည်ရွယ် တင်ဆက်လိုက်ပါသည်။

No comments:

Post a Comment