Thursday, January 21, 2010

ဆောင်းပါး

လမ်း
လမ်းဟူသောမြန်မာစကားကို ပါဠိဘာသာအားဖြင့် မဂ္ဂ” “ပထ၀ီထိ” “ရစ္ဆာစသည်ဖြင့်ခေါ်သည်၊ သက်ရှိသက်မဲ့တို့  ဦးတည်ရွေ့ လျားရာ၊တည်ရာမှီရာဖြစ်သည်။ ဦးတည်ရာပန်းတိုင့်သို့ ရောက်ရှိရန် လမ်းသည်မဖြစ်မနေလိုအပ်သည်၊ ရှေးသူဟောင်းတို့ ဖောက်လုပ်ခဲ့ကြသော လမ်းဟောင်းများရှိသကဲ့သို့ နှောင်းခေတ်လူများ ဖန်းတီးခဲ့ကြသော လမ်းသစ်များလည်းရှိကြသည်၊ လမ်းဆိုးများရှိသကဲ့သို့  လမ်းကောင်းများလည်းရှိကြသည်၊ ထိုလမ်းအမျိုးမျိုး၏ အပြစ်အနာကို ဝေဖန် ထောက်ရှု၍ နောက်ထပ်အသစ်တမျိုးကို တည်ထောင်ဖန်တည်းလိုကြသောသူတို့၏ အတွေးအမြင်ဖြင့် တီထွင်ဖောက်လုပ် ခဲ့ကြသောလမ်းများစွာလည်းရှိကြသည်၊ ယင်းသို့ သော အကြောင်းများကြောင့်
လမ်းသည် များစွာဖြစ်ပေါ်လာရသည်၊ ရွေးချယ်လျှောက်လှမ်းရန်မှာမိမိတာဝန်သာဖြစ်သည်။
နေရာတိုင်းမှာလမ်းရှိသည်၊ သက်ရှိများအတွက်သာမဟုတ် သက်မဲ့များအတွက်လည်းလမ်းလို
အပ်သည်၊ နေသွားရာလမ်းကြောင်းရှိသကဲ့သို့ လလျှောက်လမ်းရာလမ်းလည်းရှိရသည်၊ ထိုသဘာဝ
တရားတို့ သည်လည်း မိမိတို့ လမ်းရှိရာအတိုင်းသာ သွားလာကြရသည်၊ သက်ရှိများတွင် အသိဥာဏ်
မြင့်မားသော လူများသာမက အသိဥာဏ်နုံ့ နဲ့ သော တိရစ္ဆာန်များမှာလည်း သူတို့ ဦးတည်ရာအတွက်
လမ်းရှိရန်လိုအပ်ပါသည်၊ မည်သည့်နေရာ၌ အစားအသောက်ပေါသည်၊ မည်သည့်နေရာ၌သောက်သုးံ
စရာရေရှိသည်၊ မည်သည့်နေရာသည် အနားယူအပန်းဖြေစရာကောင်းသည် စသဖြင့်သိရှိထားရပြီး ထိုနေရာအသီးသီးသို့ ချင်းကပ်ရာလမ်းကိုလည်း မှတ်သားထားကြရသည်၊ သဘာဝတရား၏ရိုက်ခတ်
မှုကြောင့် စားကျက်တို့ ပြောင်းလဲတတ်ကြရာ ထိုပြောင်းလဲသွားသော စားကျက်တို့ လားရာကို တခုတ်
တရ သိမှတ်တတ်ကြသည်မှာ အသိဥာဏ်နုံ့ နဲ့ သည်ဟု ဆိုရသော တိရစ္ဆာန်တို့ ၏ ထူးခြားသော အရည်အသွေးတစ်ရပ်ဖြစ်သည်၊ တနည်းဆိုရသော် မိမိတို့ ဘ၀ရှင်သန်ရေးအတွက် လွတ်မြောက်ရာ
လမ်းကို ကိုယ်တိုင်ရှာဖွေတတ်ကြခြင်းပင်ဖြစ်ပါသည်။
ဘ၀ရှင်သန်ရေးသည် အားလုးံအတွက်ပဓာနကျသော တာဝန်ကြီးတစ်ရပ်ဖြစ်သည်၊ စားရေး၊
ဝတ်ရေး၊ နေရေး ဟူသောအရေးသုးံပါးသည် ဘ၀ရှင်သန်ရေးအတွက်အထောက်အခံ ပြုထားသော
သုးံချောင်းထောက်ကြိယာတစ်ခုဖြစ်သည်၊ တစ်နည်းဆိုရသော် ထိုအရေးသုးံပါးသည်ပင် ဘ၀ရှင်သန်
ရေးဖြစ်တော့သည်၊ယနေ့သွားလာလှုပ်ရှားနေရသည်မှာထိုဘ၀ရှင်သန်ရေးအတွက်သာလျှင်ဖြစ်သည်၊
သက်ရှိများသာမက သက်မဲ့များလည်း မိမိတို့ ဘ၀ရှင်သန်ရေးအတွက် ကြိုးစားကြရသည်၊ ကြီးထွား ဖွံ့ ဖြိုးရေးအတွက် မြေဆီ၊ မြေလွာ၊မြေသြဇာကို ရွေးချယ်စားသုးံကြရသကဲ့သို့  နေရောင်ခြည်၏ လွမ်းခြုံမှုကိုလည်း ရရှိအောင်ကြိုးစားကြရသည်၊ အင်အားပြည့်ဖြိုး စိုပြေလမ်းဆန်း တက်ကြွရေး အတွက် ရေဓာတ်၏ ဆွတ်ဖြန်းမှုကိုရရှိအောင်ကြိုးစားရသည်မှာလည်း ကိုယ်တိုင်မလစ်ဟင်း အပ်သော တာဝန်တစ်ရပ်ဖြစ်ပါသည်၊ မိမိတို့ ဘ၀ ကြံ့ခိုင်တောင့်တင်းရေးအတွက် သဘာဝဘေး အန္တရာယ်မှလွတ်ကင်းသောနေရာ၊ ခိုင်မြဲသောအမြစ်တို့ ကိုဖန်တီးရသလို အင်အားချိနဲ့သူတို့ အတွက် မှီတွယ်ရာ ကျောက်ဆောင် ကျောက်ကမ်းပါး၊ သစ်ကြီး ၀ါးကြီးတို့ ၏ အကူအညီကိုရယူကာ ရှင်သန်နေကြရများလည်းရှိသည်၊ တစ်ကိုယ်တော်ရပ်တည်နိုင်ကြသလို အဖော်သဟဲနှင့်ကြီးထွား၊ လုပ်ရှား ကြရသည်များလည်းရှိကြရာ ဦးတည်ချက်မှာ ဘ၀ရှင်သန်ရေးဖြစ်သည်၊ သက်မဲ့ ဟုခေါ်ဆိုရ
သော သဘာဝတောတောင်တို့ သည် မိမိတို့ ဘ၀ရှင်သန်ရေးအတွက်သာမဟုတ် သက်ရှိသတ္တ၀ါတို့၏
အသက်ရှင်သန်ရေးအတွက်ပါ ပဓာနကျသောတာဝန်ကြီးတစ်ရပ်ကိုထမ်းဆောင်လျှက် အထောက်
အကူပေးနေကြသည်၊ ဤသည်မှာ အတ္တနှင့်ပရကို မျှတအောင်ဆောင်ရွက်ခြင်းဟုဆိုရပါမည်၊ သူတို့
တာဝန်ကျေပွန်ပေစွ။
သက်ရှိနှင့်သက်မဲ့တွင် သက်ရှိမှာပိုတာဝန်ကြီးပါသည်၊ ယင်းကဲ့သို့ ကြီးမားသောတာဝန်ကြီးကို
ထမ်းဆောင်ကြရမည့် သက်ရှိသတ္တ၀ါများတွင် လူသားသည် အဓိကကျသော အခန်းကဏ္ဍက ပါဝင်
လျှက်ရှိသည်၊ အကြောင်းမူ သက်ရှိသတ္တ၀ါများတွင် လူသားသည် အသိဥာဏ်အမြင့်ဆုးံသောသူဖြစ်
နေုသောကြောင့်ပင်၊ လူသားတို့ အသိဥာဏ်စွမ်းရည်သည် တစ်ခေတ်နှင့်တစ်ခေတ် ပို၍ပို၍ တိုးတက်လာရာ ရှေးကျောက်ခေတ်မှသည် ယနေ့  သတင်းနှင့်နည်းပညာခေတ်တွင်မူ လူ့ သမိုင်း
တလျှောက်မှာ အမြင့်ဆုးံဟုဆိုနိုင်ပါသည်၊ သို့ ဖြစ်ရာ ကမ္ဘာ့သမိုင်းစာမျက်နှာတွင် လူသားလောက် အသိဥာဏ်အရာ ဖွင့်ဖြိုးတိုးတက်လာသော သက်ရှိသတ္တ၀ါ တစ်စုံတစ်ဦးမျှမရှိပါချေ၊ အသိဥာဏ်ကြွယ်
သလောက် ဖန်တီးထားကြသောအရာများမှာလည်း မယုံကြည်နိုင်လောက်အောင် များပြားလှပါသည်၊ ထိုဖန်တီးမှုများသည် လူသားနှင့်ကမ္ဘာလောကအတွက် ကောင်းကျိုးရှိသကဲ့သို့  ဆိုးကျိုးများမှာလည်း
ကျွဲကူးရေပါသဘော မဖြစ်မနေပါဝင်လာရပါသည်၊ ယနေ့ လူသားတို့ တွေ့ ကြုံနေကြရသော အကောင်းအဆိုးမှန်သမျှမှာ အသိဥာဏ်ရှိသောလူသားတို့ ၌သာလျှင် တာဝန်အရှိဆုးံဖြစ်ပါသည်၊ တာဝန်လည်းယူသင့်ပါသည်၊ သို့  အတွက်ကြောင့် လူသားတို့ ရွေးချယ်လျှောက်လှမ်းသော လမ်းမှာ တာဝန်ယူမှုများ ယှဉ်တွဲလျက်ရှိပါသည်၊ ယင်းကဲ့သို့  တာဝန်ရှိကြောင်းကိုလူသားတိုင်းက သတိမူသင့်
ပါသည်၊ လောကဟူသည် သက်ရှိသက်မဲ့တို့  ပါဝင်သောပြင်ပလောက ရှိသကဲ့သို့  ကိုယ်ပိုင်မိသားစု၊ တစ်ဦးတစ်ယောက်နှင့်သာဆိုင်သောလောကတိုလည်းပါဝင်ကြရာ မိမိတို့ နေထိုင်သောနေရာကို ကာကွယ် စောင့် ရှောက်ရန်တာဝန်ရှိပါသည်။
ပို၍မြင့်မြတ်သော စိတ်သဘောထားရှိသူများမှာမူ ထိုကောင်းဆိုးနှစ်တန်လောကဓမ်နှင့် အခါ
မရွေးလုးံထွေးသတ်ပုတ်နေကြရသောသတ္တ၀ါတို့ ကို လွတ်မြောက်ရာဆီသို့ ကယ်တင်နိုင်ရန်ကြိုးစား
ခဲ့ကြသည်၊ ယနေ့ တိုင်လည်းကြိုးစားနေကြဆဲပင်ဖြစ်သလို နောင်လည်းဆက်လက်ကြိုးစားနေကြမည်
မလွဲပင်၊ စိတ်ကောင်းတစ်ခုအရင်းပြု၍ လွတ်မြောက်ရာလမ်းများ တီထွင်လာကြရာ အဟောင်းရှိသလို
အသစ်လည်းရှိသည်၊အကောင်းလည်းရှိ၏၊အဆိုးလည်းပါဝင်၏၊ ဟောင်းသည်ဖြစ်စေ သစ်သည်ဖြစ်စေ
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုသူတို့ ၏ မွန်မြတ်သော စေတနာကိုမူ အလေးဂရုပြုရပါမည်၊
သူတို့ တာဝန်ကျေပွန်သည်ဟုဆိုနိုင်ပါသည်၊ ကိုယ်တိုင်ဖန်တီးခြင်းငှါ မစွမ်းသာသောသူများမှာမူ တော်တည့်မှန်ကန်သောလမ်းကို ရွေးချယ်တတ်ရန်လိုအပ်ပါသည်၊ အဟောင်းကိုလိုက်မလား၊ အသစ်
ကိုကြိုက်သလား၊ အကောင်းကိုပွေ ဖက်မလား၊ အဆိုးကိုဆုပ်ကိုင်မလား ရွေးချယ်ရန်များစွာရှိပါသည်၊
အဟောင်းနှင့်အသစ်ကို ခွဲခြားရန်လွယ်ကူပေမယ့် အကောင်းနှင့်အဆိုးမှာမူ သတ်မှတ်ရန်ခက်ခဲသည်၊
အကောင်းအဆိုးဟူသည် လူတို့ သတ်မှတ်ချက်နှင့် နှစ်ခြိက်သဘောကျမှုအပေါ်တွင် များစွာတည်မှီ
နေသောကြောင့်ဖြစ်သည်၊ ယေဘုယျအားဖြင့် မိမိအကြိုက်နှင့်တိုက်ဆိုင်လျှင် အကောင်းဟု သတ်မှတ်
တတ်ကြပြီး မတိုက်ဆိုင်လျှင် မကောင်းဟုသမုတ်တတ်ကြသည်၊ သို့ သော် ဤသဘောထား ခံယူချက်
ဖြင့် ဆုးံဖြတ်လျှင် မှန်ကန်သောလုပ်ရပ် ဟုတ်မဟုတ်စဉ်းစားရန်ရှိပါသည်၊ ယင်းသို့ ဖြစ်လျှင် မည်ကဲ့သို့  ခွဲခြားဝေဖန်ကြမည်နည်း၊ စင်စစ်သော်ကား မိမိ သူတပါး နှစ်ဦးသားတို့ ၏ အကျိုးစီးပွါးကို ထိခိုက်မှု မရှိပဲ အားလုးံအတွက် ကောင်းမွန်တဲ့ အကျိုးဆက်ကို ဖြစ်ထွန်းစေသည်ဆိုပါက အကောင်းဟု သတ်မှတ်ရပါမည်၊ ထိုမူနှင့်ဆန့် ကျင်နေလျှင် အဆိုးဟူ၍သာဆိုသင့်ပါသည်၊ ကိုယ်လျှောက်တဲ့လမ်း ကိုယ်လုပ်တဲ့လုပ်ငန်း ကိုယ်ပြောတဲ့စကား ကိုယ်ကြံတဲ့ အကြံအစည်မှန်သမျှ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေရပါမည်၊ ယင်းသို့  ဟိုဘက်ဒီဘက်ကောင်းကျိုးဖြစ်ထွန်းနေသမျှ မည်သူမျှ မကောင်းဟုမဆိုနိုင်ပါ၊ မျှတသောတွေးခေါ်မြော်မြင်ဥာဏ်ရှိသူတိုင်း လက္ခံနိုင်သကဲ့သို့  တဖက်သတ်အမြင်ရှိသူများပင် မကောင်းဟုမဆိုနိုင်ကြပါ၊ သတ္တ၀ါတိုင်း ကိုယ်ကျိုးကို ကြည့်တတ်ကြ
သည်မဟုတ်ပါလော။
လူတို့ လျှောက်လှမ်းခဲ့ကြသောလမ်းများတွင် လောကလူသာမန်တို့ အကြိုက် နှစ်ခြိုက်ပျှော်ရွင်
မှုအပေါင်းနှင့်ပြည့်လျှမ်းနေသောလမ်းလည်းပါဝင်ရာ စိတ်ခံစားမှူအလိုသို့ အပြည့်အ၀လိုက်လျှောထား
သောကြောင့် အများကြိုက်လမ်းစဉ်တစ်ခုဖြစ်သည်၊ သတ္တ၀ါတို့ သဘောမှာလည်း မိမိတို့ စိတ်အလိုအ
တိုင်းဖြည့်စွမ်းပေးသောအရာမှန်သမျှကို နှစ်သက်သဘောကျတတ်ကြ၍ အကောင်းဟု ဆိုတတ်သည်၊
ဤသို့ ဖြစ်ရခြင်းမှာ လူသားဆန်သော လူတို့ သဘောထားဖြစ်၍ အပြစ်ဟူ၍ မဆိုသာ၊ သို့ သော် ထိုသူ
များလက္ခံထားသည့်လမ်းမှာလည်း လူတို့ဖြစ်စဉ်သဘောသဘာဝမှလွတ်မြောက်နိုင်ပါ၏လော၊ မလွတ်
မြောက်နိုင်ဟုဆိုပါက လူတို့ တကယ့်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သည်သာဖြစ်၍ သာမန်ထက် ကျော်လွန်သော လမ်းကောင်းဟု မဆိုနိုင်သည်သာ မဟုတ်ပါလော၊ စသည့်စသည့် မေးခွန်းပေါင်း
များစွာတို့ သည်မလွဲမသွေဖြစ်ပေါ်လာရပါသည်၊ ထိုသဘောကိုစောကြောမိသူများကမူ လူတို့လက္ခံနိုင်
လောက်သည့် လူတို့ စိတ်အလိုသဘောမှဆန့်ကျင်လျက် လမ်းရိုးမှခွဲထွက်ထားသောလမ်းသစ်တစ်မျိုး
ကို တီထွင်ခဲ့ကြပြန်သည်၊ ဤလမ်းမှာ စိတ်အလိုဆန္ဒကိုလုးံလုးံမျက်ကွယ်ပြုကာ ခန္ဒာကိုယ်ကြီးကို ညှင်းဆဲနှိပ်စက်ရသောလမ်းစဉ်ဖြစ်သည်၊ သာမန်လူတို့ ကျင့်ကြံသည့်အတိုင်းကျင့်ကြံနေပါက သာမန်
လူသာလျှင်ဖြစ်နိုင်ပြီး စင်ကြယ်မြင့်မြတ်သူမဖြစ်နိုင်သလို သာမန်လူတို့ လျှောက်သောလမ်းအတိုင်း လျှောက်လှမ်းနေပါကလည်း သာမန်လမ်းသာလျှင်ဖြစ်သည်ဟု ခံယူလျက် ဆန့်ကျင့်ဘက်လမ်းကို တီထွင်လျှောက်လှမ်းခဲ့ကြသည်၊ လူတို့ စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေးနေရသည်မှာ ဤခန္ဒာကိုယ်
ကြီးဖြစ်သည်၊ ဤခန္ဒာကိုယ်ကြီး၏ အင်အားကို ချိုးနှိမ်လိုက်မည်ဆိုပါက စိတ်အလိုဆန္ဒတို့ လည်းအင်
အားချိနဲ့လာပြီး သာယာကြည်နူးလိုစိတ်များ ပါးလျပျောက်ကွယ်သွားလိမ့်မည်၊ ယင်းနောက်တွင်မူ သာမန်ထက်ကဲလွန်သောမြင့်မြတ်သူအဖြစ်သို့ ရောက်နိုင်သည်၊ဤသည်ပင်လွတ်မြောက်ရေးလမ်းစဉ်
ဖြစ်တော့သည်ဟုလည်း ယုံကြည်ခဲ့ကြသည်၊ သို့ ဖြင့် လိုက်နာကျင့်ကြံသူများပြားလာပြီး လူအများ၏
ကိုးစားမှုကိုရလာခဲ့သည်၊ လူအများမလုပ်နိုင်သည်ကို လုပ်ဆောင်နိုင်ပါက လူစွမ်းကောင်းဟုခေါ်ဝေါ်
တတ်သည်မှာ လောကသဘာဝဖြစ်သည်၊ အများနောက်သို့ မလိုက်မူ၍ လမ်းခွဲခဲ့ကြသူများကို လူစွမ်း
ကောင်းများအဖြစ်သမုတ်ကြပြီးထိုသူတို့လျှောက်ရာလမ်းကိုလည်း လမ်းကောင်းလမ်းမှန်ဟု သတ်မှတ်
ခဲ့ကြသည်၊ လူနည်းစုသာ ကျင့်ကြံနိုင်သည်ကို လမ်းမှန် ဟုခေါ်ဝေါ်၍ လမ်းသစ်တစ်ခေတ်ဆန်းလာ
ခဲ့သည်။
ကြီးကျယ်မြင့်မြတ်လိုသူသည်လူအများ၏အမှန်တကယ်ယုံကြည်အားထားရာဖြစ်သင့်ပါသည်၊
အဆန်းတကြယ်တီထွင်ဖန်တီးတတ်ခါမျှဖြင့် ယုံကြည်အားကိုထိုက်သူဟုမမှတ်ယူသင့်၊ သတ္တ၀ါတို့ လို
အပ်နေသော လွတ်မြောက်မှုကို ကိုယ်တိုင်ရရှိထားသကဲ့သို့ သူတပါးတို့ ကိုလည်း လမ်းညွန်ပြသနိုင်
မှသာ အမှန်တကယ်ယုံကြည်ထိုက်သူဖြစ်ပါသည်၊ ထိုသို့ ဦးဆောင်လမ်းညွန်နိုင်သောစွမ်းရည်နှင့်ပြည့်
စုံသူကိုသာ ကြီးကျယ်မြင့်မြတ်သူဟုဆိုနိုင်ပြီး သူညွန်သောလမ်းမှာလည်းလမ်းကောင်းလမ်းမှန်ဖြစ်နိုင်
ပါသည်၊ လမ်းဟောင်း လမ်းသစ်သည် ပဓာနမဟုတ် လမ်းကောင်း လမ်းမှန်ဖြစ်ရန်သာ အရေးကြီးသည်၊ သို့ မှသာ လိုရာခရီးပြီးစီးနိုင်သည်။
အစစ်အမှန်ဟူသည်တစ်မျိုးတည်းသာရှိသည်၊ နှစ်ခုဖြစ်နေပါက တစ်ခုမှာအတုဖြစ်ရန်သာရှိပါ
သည်၊ လူတို့ လိုအပ်ချက်ဖြစ်သော ဒုက္ခ၊ ဒေါမနဿ၊ သောက၊ ပရိဒေ၀ တရားများ ချုပ်ငြိမ်း ပျောက်ကွယ်အောင် လုပ်ဆောက်နိုင်လျှင် လိုရာခရီးပြီးစီး၍ အစစ်အမှန်ဖြစ်သည်၊ ပန်းတိုင်သည် ငြိမ်းချမ်းခြင်းဖြစ်ရာ ထိုငြိမ်းချမ်းရာသို့ ဦးတည်သောလမ်းသည် ယုံကြည် အားကိုးထိုက်သည့် အာမခံချက်ပါရှိရသည်၊ အစစ်ဖြစ်မူအာမခံချက်ပါရသည်၊အချိန်အခါမရွေးမှန်ကန်ရသည်၊ ယနေ့ လူတို့ ဝယ်ယူသုးံစွဲနေရသော ပစ္စည်းဥစ္စာများမှာ အစစ်အမှန်ဖြစ်ပါက အာမခံချက်ပါရှိသည်ကိုတွေ့ ရပြီး အတုများတွင်မူ မည်သို့ပင်တူအောင်လုပ်ထားစေကာမူ အမှန်အကန်အာမခံနိုင်သော အရာဟူ၍
မပါရှိပါ၊ အသိဥာဏ်နုံ့နဲ့သူတို့အတွက် ထင်ယောင်ထင်မှားဖြစ်၍ လက္ခံနိုင်စရာရှိရှိသော်လည်း တတ်
သိနားလည်သူတို့အတွက်မူ လက္ခံနိုင်၍တိကျသောအဖြေကိုပေးနိုင်သော အချက်အလက်မပါရှိကြပါ၊
ဤသည်မှာ အတု၏သဘာဝဖြစ်သည်။
ထိုထက်အရေးကြီးသော ဘ၀ပန်းတိုင်ကို ရှာဖွေလျှောက်လှမ်းကြရာတွင် အာမခံချက်ပါရန်
အရေးကြီးလှသည်၊ မည်သည့်လမ်းမှာ အာမခံချက်ပါသလဲဆိုတာကို ကိုယ်တိုင်လေ့လာစုံစမ်းသင့်
သည်၊ အများယောင်တိုင်းမယောင်သင့်၊ အများညီ ဤကျွဲဖတ်ဆိုသကဲ့သို့  လူအများလက္ခံလျှောက်
လှမ်းကာမျှဖြင့် လမ်းမှန်ဟုမယူဆသင့်၊ သို့ ဖြစ်လျှင် ကုန်ရှုးံတော့တစ်ခေါက်၊ လင်ရှုးံတော့ တစ်ဘ၀၊
ဆရာအတင်မှားလျှင်မူ တစ်သံသရာလုးံမောက်ဟု ဆိုသကဲ့သို့  မိမိဘ၀သံသရာ တစ်လျှောက်လုးံ
အရှုးံကြီးရှုးံသွားနိုင်သည်၊ ထိုကြောင့်ဆရာအတင်မမှားဖို့ အရေးကြီးလှသည်။
ယနေ့ လူသမိုင်းတစ်လျှောက်မှာ ကြီးကျယ်မြင့်မြတ်တဲ့ ဆရာတစ်ဆူအနေနှင့် ဂုဏ်ယူဝင့်ကြွား
စွာ ရပ်တည်နေနိုင်သော ဂေါတမဗုဒ္ဒသည် လမ်းပေါင်းစုံကို ကိုယ်တိုင်လျှောက်လှမ်း၍ လမ်းကောင်း
လမ်းမှန်ကို ကိုယ်တိုင်တိတိကျကျညွန်ပြနိုင်သော ဆရာတစ်ဆူအဖြစ် ထင်ရှားသည်၊ ဂေါတမဗုဒ္ဒညွန်
ကြားပြသသောလမ်းမှာ အာမခံချက်ပါသည်၊ တိကျမှုရှိသည်၊ သေချာမှုရှိသည်၊ လက်တွေ့ ဘ၀နှင့် ဆက်စပ်သည်၊ အများယောင်၍ယောင်ထားခြင်းမဟုတ်၊ ကိုယ်တိုင်ရှာဖွေဖော်ထုတ်ထားခြင်းဖြစ်သည်၊
လူမှုဘ၀ကိုအခြေခံသောကျင့်ဝတ်သီလဖြင့်စတင်သည်၊ တည်ငြိမ်အေးချမ်းခြင်းသမာဓိဖြင့်မြင့်တင်ပြီး
ပညာဖြင့်အနားသတ်ထားသည်၊ -လယ်-ဆုးံ သုးံပါးသောကောင်းခြင်းအင်္ဂါနှင့်ပြည့်စုံသည်၊လူမှုဘဝ
ဒုက္ခအဖုံဖုံမှလည်း အမှန်တကယ်လွတ်မြောက်စေနိုင်သည်၊ သူညွန်ပြလျှောက်လှမ်ခဲ့သောလမ်းမှာ လမ်းသစ်ဟု ဆိုနိုင်သော်လည်း စင်စစ်အားဖြင့်မူ ရှေးဗုဒ္ဒအပေါင်းများစွာ ကိုယ်တိုင်လျှောက်လှမ်း ညွန်
ပြခဲ့သော လမ်ဟောင်းတစ်ခုသာဖြစ်ပါသည်၊ သူကြိုက် ငါကြိုက် အများကြိုက်ဖြစ်သော စိတ်အလိုဆန္ဒ
သဘောအတိုင်း လိုက်လျောဖြည့်ဆည်းပေးသည့် အဆင်းလမ်းလည်းမဟုတ်၊ ခက်ခဲကြမ်းတမ်းပြီး မိမိ
ကိုယ်ခန္ဒာကိုညှင်းဆဲနှိပ်စက်သောအတက်လှမ်းလည်းမဟုတ်၊ အဆင်းနဲ့ အတက်ကို အချိုးညီစွာပေါင်း
စပ်ထားသော လွတ်မြောက်ရေးလမ်းစဉ်သာဖြစ်သည်၊ တစ်နည်ဆိုရသော်သင်္ခတခေါ်အဖြစ်တရားအား
လုးံ၏ ချုပ်ငြိမ်းရာ အရှိတရားဆီသို့ ဦးတည်သော အလယ်လမ်းဖြစ်သည်၊ အဖြစ်တရားသည် ၄င်းတို့ 
ဖြစ်ပေါ်လာအောင် ဖန်တီးပေးသော အရာတို့ ၏ နယ်မြေအတွင့်၌သာတည်သည်၊ ဖန်တီးမှုနယ်မြေ၊ အချိန်ကာလ စသော အတိုင်းအတာများဖြင့် ဖော်ပြနိုင်သည်၊ အရှိတရားဟူသည်မှာ သူ့ ပင်ကိုယ်အား
ဖြင့် တည်ရှိနေသော အမှန်တရားဖြစ်သည်၊ လူတို့ တွေ့ ကြုံခံစားနေရသော သဘာဝဓမ္မများမှလွတ်
ကင်းရာကို ရောက်ရှိလိုသူသည် ထိုသဘာဝဓမ္မတို့ ၏ လွတ်မြောက်နယ်မြေကို ရှာဖွေရသည်မှာ မလွဲမသွေလိုက်နာကျင့်ဆောင်ရမည့်အရာဖြစ်သည်၊ ထိုနယ်မြေသို့ ရောက်စေနိုင်သောလမ်းမှာ ဤ
အလယ်လမ်းမှတစ်ပါးအခြားမရှိပါ။
လူသည်ပင်ကိုယ်အရည်အသွေးအမျိုးမျိုး ပိုင်ဆိုင်ထားကြရာ မှန်သည် ကောင်းသည်ဆိုတိုင်း
အားလုးံလိုက်နာကျင့်ဆောင်နိုင်ကြသည်ကားမဟုတ်၊ ဗုဒ္ဒခေတ် သိစ္စည်းဆရာကြီးစကားနှင့်ဆိုရပါမူ
လောကမှာ လူမိုက်နှင့်လူလိမ္မာ လူမိုက်ကပိုများသည်ဖြစ်ရာ လူလိမ္မာတို့ ရောက်ရာလမ်းသည် အမှန်တကယ်ပင်လူကြိုက်နည်းပြီး အနည်းစုသာလက္ခံလျှောက်လှမ်းနိုင်သော လမ်းဖြစ်ရမည်မဟုတ်ပါ
လော၊ သို့ ဖြစ်ပါက ထိုသူတို့ အတွက် ဤလမ်းသည်အချဉ်းနှီးဖြစ်စရာရှိပါသည်၊ အမှန်မှာဤကဲ့သို့ မ
ဟုတ်ပါ၊ လောကသဘာဝတရားများမှ လုးံဝလွတ်မြောက်ရေးအတွက်သာမဟုတ် လောကတွင်းကျင်
လည်နေထိုင်လိုသူတို့ အတွက်လည်း အကျိုးရှိသောလမ်းစဉ်တစ်ရပ်ဖြစ်ပါသည်၊ ဤလမ်းကညွန်ကြား
ပြသသည့်အတိုင်း လိုက်နာကျင့်သုးံနိုင်သည်ဆိုပါက ဘ၀အရည်အသွေးမြင့်မားသူများအဖြစ်လောက
မှာဝင့်ကြွားနိုင်ပါသည်၊ ထိုကြောင့်ဤလမ်းကိုအဖက်ဖက်ကပြီးပြည့်စုံသောလမ်းဟုဆိုရပါသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ ကျော်ကာလကတည်းက အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသခေါ် ဗုဒ္ဒဂယာရှိ
အသိဥာဏ်၏ပွင့်လင်းရာ မဟာဗောဓိပင်အောက်၌ သိဒ္ဒတ္ထဟုခေါ်တွင်သော မင်းပျိုမင်းလွင် ပါရမီရှင်
တစ်ဦးက ဤလမ်းကို ကိုယ်တိုင်ထိုးထွင်းသိမြင်ခဲ့ပြီး ဗာရာဏသီမြို့ အနီး သားတို့ အားဘေးမဲ့ပေးရာ မိဂဒါဝုန်အရပ်၌ စတင်ဖွင့်လစ်ခဲ့သော လမ်းဟောင်း လမ်းကောင်း လမ်းမှန်တစ်ခုဖြစ်သည်၊ ဗာရာဏသီသည် စစ်မှန်သောလမ်းကောင်း လမ်းဟောင်းတစ်ခုစတင်ရာ နေရာဖြစ်သကဲ့သို့  ထိုလမ်းသည်မှန်ကန်ကြောင်း လိုရာခရီးပြီးစီးနိုင်ကြောင်င်းကို သက်သေထူနိုင်သော ပုဂ္ဂိုလ်တို့  ဦးစွာပေါ်ပေါက်ရာနေရာဌာနထူးလည်းဖြစ်ပါသည်၊ထိုအချိန်ထိုအခါကစတင်ရိုက်ဟီးလိုက်သော ဓမ္မ
စည်ကြီးသည်ယနေ့တိုင်အောင် ကမ္ဘာလောကမှာ မြည်ဟီးလျက်ရှိနေဆဲပင်ဖြစ်ပါသည်၊ ဤသည်မှာ အာမခံချက်ရှိသော လမ်း၏ စစ်မှန်မှုသရုပ်သကန်ပင်ဖြစ်တော့သည်။ ။