Monday, February 15, 2010

စကားဝါတစ်ပွင့်ပေးပြီးခ၇ီးရှည်ကြီးထွက်သွားသူ


(၁)
နွေမင်းကသူ့လက်ညိုးနဲ့
စကားဝါပင်ကိုထိုးလို့
ရွက်ဝါတို့တစ်ဖြုတ်ဖြုတ်နဲ့ကြွေ
အိပ်မက်တွေလဲသေတော့မယ်ထင်ရဲ့
မင်းလက်နဲ့ဖန်ဆင်းခဲ့တဲ့
စကားဝါတစ်ပွင့်ကတော့
ရင်ဘတ်အဆုံးထိ
အနက်ရှိုင်းဆုံးမှောင်မိုက်
လောင်တိုက်နဲ့ဝေးရာမှာ
တစ်ပွင့်တည်းတုန်ခါငိုရှိုက်လို့
မျှော်လင့်ချက်ကိုအသိုက်ဖွဲ့
ခပ်ယဲ့ယဲ့လေးသာ.......
ဒါပေမယ့် အဲဒီပန်းစကားဝါမှာ
ရနံ့မပါပေမယ့် အိမ်မက်တွေတင်းကြမ်းနဲ့မို့
နွေလမ်းကိုလဲလျှောက်လို့ရသေးတယ်

နွေမင်းကအထွက်
မိုးစက်တို့အ၀င်ကာလ
အိမ်ခေါင်မိုးပေါ်မှာ ကပွဲသဘင်ဆင်ယင်လို့အားမ၇
ပြတင်းတံခါးကနေပြီး
ဇွတ်အတင်းဝင်ရောက်
စကားဝါရနံ့တွေနဲ့တည်ဆောာက်ထားတဲ့
ငြိမ်သက်အေးခဲမှုကိုဖောက်ထုတ်
ပန်းတစ်ပွင့်နဲ့ကျောက်ရုပ်
ငါ့ကို အရုးလို့သမုတ်ကြတယ်
အို....မိုးကြမ်းတို့
စကြာဝဠာအပြင်ဘက်သို့သွားပါ
ငါ့ချစ်သူလာရာလမ်းမှာ
လက်တားလို့မကာပါနဲ့
ဟောဒီပရ၀ုဏ် မှာတော့
ငါ့မျက်ရည်မိုးကြောင့်ပျိုးပျက်လက်ထန်
ပန်းပွင့်ဖို့တောင်မကျန်တော့တာမို့
သူပျိုးခဲ့တဲ့စကားဝါဖူးတွေ
မင်းကြောင့်ကြွေကုန်ရင်
ချစ်သူုငြိုငြင်လိမ့်မယ်
သွားပါတော့မိုး၇ယ်.........

ဒီလိုနဲ့ပဲ မိုးစက်တို့ကွယ်ဝေးပျောက်ဆုံး
နှုင်းမှုန်တွေပိတ်ဖုံးလို့
အခုလိုဆောင်းဦးမှာ
မင်းပန်ပေးဖူးတဲ့ စကားဝါအဖူးတွေက
ငါ့ရင်ဘတ်ပေါ် တစ်ပွင့်ခြင်းခုန်ချရင်း
ပြည့်ကျပ်မို့မောက်နေတဲ့ အလွမ်းတွေကိုငုံ့ကြည့်
လွမ်းသူချင်းဆိုတဲ့အသိနဲ့
ငါ့ကိုဖေးမ သူတို့ပါကူလွမ်းပါရစေတဲံ
နေပါစေတော့ပန်းပျိုတို့ရေ
မင်းတို့သခင်ပြန်လာရင်လေ
အဲဒီအလွမ်းမျှင်တွေကိုစုစည်းပြီး
ခြုံလွှာတစ်ထည်ကိုယက်
စကားတစ်ပွင့်နဲ့ရူးမတက်ဖြစ်ရတဲ့
မိန်းမတစ်ယောက်ရဲ့မျက်ရည်စက်တွေနဲ့
ထွဋ်မြတ်စွာဆေးခြယ်ပြီး
ဆောင်းနှောင်းရာသီထိ သစ္စာရှိရှိချစ်နေမယ်ဆိုတာသာ
ပြောပေးပါတော့ကွယ်......

No comments:

Post a Comment